Instructions
1. Guidelines for Using Perfumes
Application Points: Apply perfume to pulse points where the skin is warmest like behind the ears, on the wrists, the inner elbows and at the base of the throat. These areas will help the fragrance develop and emit its scent.
ရေမွှေးကို နားရွက်နှစ်ဖက်၏ အနောက်ဖက်၊ လက်ကောက်ဝတ်အတွင်း၊ တံတောင်ဆစ်အတွင်းနှင့် လည်ပင်းအောက်ခြေရှိ အရေပြားနေရာများသို့ ဖြန်းပါ။ ယင်းနေရာများသည် မွှေးရနံ့ ပိုမိုရရှိစေပြီး သင်၏ ရနံ့ကလေး မွှေးပျံ့နေစေပါလိမ့်မည်။
Distance: Spray the perfume from a distance of about 6-8 inches (15-20 cm) to ensure an even distribution without oversaturating the skin.
အရေပြားပေါ်တွင် စိုစွတ်မှု လွန်ကဲ မသွားစေဘဲ ညီညာစွာ ဖြန့်ကျက်စေရန်အတွက် ရေမွှေးကို 6-8 လက်မ (15-20 စင်တီမီတာ) အကွာအဝေးမှ ဖြန်းပေးပါ။
Layering: For a longer-lasting scent, layer your perfume with complementary products, such as matching body lotion or shower gel.
ရေမွှေးကို ပိုမို ကြာရှည်ခံစေရန်အတွက် Body lotion သို့မဟုတ် Shower Gel ကဲ့သို့သော ပစ္စည်းများကို Layering အောက်ခံတွဲဖက်အသုံးပြုပါ။
Quantity: Start with a light application: you can always add more if needed. Three to four sprays are generally sufficient.
အချက်ရေအနည်းငယ်သာ စတင်ဆွတ်ဖြန်းပါ။ လိုအပ်ပါက ထပ်မံဆွတ်ဖြန်းနိုင်ပါသည်။ ယေဘူယျအားဖြင့် သုံးချက်မှ လေးချက်အထိ ဆွတ်ဖြန်းပါက လုံလောက်ပါသည်။
Clothing and Hair: You can lightly mist perfume on your clothing or hair, but be cautious as some fragrances can stain fabrics or dry out hair.
အဝတ်အစား သို့မဟုတ် ဆံပင်တွင် ရေမွှေးကို ခပ်ပါးပါး ဆွတ်ဖြန်းနိုင်ပါသည်။ သို့သော် အချို့သော ရေမွှေးများသည် အထည်များကို စွန်းထင်းစေနိုင်ပြီး ဆံပင်ကိုလည်း ခြောက်သွေ့စေနိုင်သောကြောင့် သတိပြုရန် လိုအပ်ပါသည်။
Storage: Store perfume in a cool, dark place to maintain its good quality. Avoid direct sunlight and heat, which can degrade the fragrance.
ရေမွှေး၏ ကောင်းမွန်သော အရည်အသွေးကို ထိန်းသိမ်းရန် အေးမြ၍ မှောင်မိုက်သောနေရာတွင် သိမ်းဆည်းပါ။ ရေမွှေးကို ပျက်ပြယ်စေနိုင်သော နေရောင်ခြည် သို့မဟုတ် အပူနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။